ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံအတွက် အချက် ၁၁ ချက်

Published on August 18, 2025 Reading time: 4 mins Tags: #Health #Tips #Self-Improvement

နေ့စဉ်ဖြတ်သန်းနေတဲ့ နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်မှုရှိနေပါတယ်။ ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံရှိခြင်းက ပိုကောင်းတဲ့ကျန်းမာရေးကို ရရှိနိုင်မှာပါ။ အဲဒီတော့ ပိုကောင်းတဲ့ဘဝနေထိုင်မှုပုံစံအတွက် နေထိုင်သင့်တဲ့အချက် ၁၁ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

1) ကယ်လိုရီနည်းတဲ့အစားအစာကို စားပါ။

2) ၁နာရီခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။

3) ရေ ၂လီတာခန့်သောက်ပါ။

4) green tea ၃ခွက်ခန့်သောက်ပါ။ ဒါမှမဟုတ် အသီးဖျော်ရည် သောက်ပါ။

5) စိတ်ပိုင်းဆိုင်ရာအနားပေးဖို့ အချိန်ခဏတဖြုတ်ယူပါ။ သင့်ခန္ဓာကိုယ် အကြောပြေစေမယ့် လေ့ကျင့်ခန်းမျိုး ခဏတဖြုတ်ပြုလုပ်ပါ။ (တစ်နေကုန်ထိုင်နေတာထက် ခဏတဖြုတ်လမ်းထလျှောက်တာမျိုးလုပ်ပေးပါ)

6) သင့်ဘဝအတွက် ကျေးဇူးတင်ရမယ့် အရာ ၅ခုကို စဉ်းစားပါ။ (ဥပမာ။ သင်ခုချိန်ထိ အသက်ရှင်နေတာမျိုး၊ ကျန်းမာနေတာမျိုး၊ ဝင်ငွေတစ်ခုခုရှိနေတာမျိုး)

7) မနက် ၆နာရီခန့်မှာ တရားထိုင်ကြည့်ပါ။

8) ၇မိနစ်ခန့် ရယ်မောပေးပါ။

9) အိပ်ချိန် ၈နာရီပြည့်ပါစေ။

10) တစ်နေ့မှာ ခြေလှမ်းပေါင်း ၉ထောင်ခန့်လှမ်းပါ။

11) ည ၁၀နာရီခန့်တွင် အိပ်ရာဝင်ပါ။

Related content