မြေပဲစားခြင်းရဲ့ကောင်းကျိုးများ

Published on September 19, 2025 Reading time: 4 mins Tags: #Peanuts #Health #Food #Weight Loss

မြေပဲက လူသိများတဲ့စားစရာတမျိုးဖြစ်ပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်စေပါတယ်။ ဝိတ်ကျစေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ပရိုတင်းဓာတ်တွေပါဝင်ပါတယ်။ ဝိတ်ကျဖို့ ကူညီနိုင်သလို နှလုံးရောဂါဖြစ်ပွားနိုင်ချေနဲ့ သည်းခြေကျောက်တည်တာတွေကို သက်သာစေနိုင်ပါတယ်။ မြေပဲကို “diet food” အဖြစ်လည်း ပြောကြပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး အဆီပါဝင်မှုလည်းနည်းပါတယ်။ အဝလွန်ခြင်းကို ကာကွယ်နိုင်ပြီး ဝိတ်ကိုထိန်းပေးနိုင်ပါတယ်။ မြေပဲစားသုံးခြင်းရဲ့ကောင်းကျိုးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁) ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန်စေပါတယ်။ ၂) နှလုံးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ၃) သည်းခြေကျောက်တည်ခြင်းကို ၂၅ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။ ၄) ဦးနှောက်ကို သွေးစီးဆင်းလည်ပတ်မှုအားကောင်းစေနိုင်ပါတယ်။ ၅) စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ၆) အင်ဇီုင်းမားရောဂါဖြစ်ပွားမှုကို ၇၀ရာခိုင်နှုန်းထိလျော့ကျစေနိုင်ပါတယ်။ ၇) ဆီးချိုရောဂါကို လျော့ကျစေနိုင်ပါတယ်။ ၈) အိုမင်းရင့်ရော်ခြင်းကို သက်သာစေနိုင်ပါတယ်။ ၉) အရေပြားအရောင်ကိုလှပစေပါတယ်။ ၁၀) ဆံသားသန်စွမ်းစေပါတယ်။ ၁၁) ဝိတ်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။ အထက်ပါအချက်တွေကတော့ မြေပဲရဲ့ကောင်းကျိုးတွေဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ အချို့လူတွေမှာ မြေပဲနဲ့ဓာတ်မတည့်မှုမျိုးလည်း ဖြစ်ပွားနိုင်ချေရှိပါတယ်။

Related content