မုန်လာဥနီက ဗီတာမင် အေ ပါဝင်ပြီး အခြားသော ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအများကြီး ရနိုင်ပါသေးတယ်။ မုန်လာဥနီမှာ ဗီတာမင်အေသာမက ဗီတာမင် ကေ၊ ပိုတက်ဆီယမ်၊ မဂ္ဂနစ် (managanese)ဓာတ်တွေပါဝင်ပါသေးတယ်။ အဲဒါကြောင့် မုန်လာဥနီစားသုံခြင်းက ဘာအကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁) အမြင်အာရုံကောင်းမွန်စေခြင်း
၂) ကင်ဆာရောဂါကာကွယ်ဖို့ ကူညီပေးနိုင်ခြင်း
၃) အိုမင်းရင့်ရော်ခြင်းကို နှေးစေရန် ကူညီနိုင်ခြင်း
၄) အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်ဖို့ ကူညီနိုင်ခြင်း
၅) ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးကြောင့် ကူးစက်ခြင်းများကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း
၆) နှလုံးရောဂါကို ကာကွယ်ရာတွင် ကူညီနိုင်ခြင်း
၇) ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ခြင်း၊ အသည်းလုပ်ဆောင်ချက်ကို တိုးတက်စေခြင်း
၈) အူနဲ့ သွား ကျန်းမာရေးကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း
၉) ရုတ်တရက် လေဖြတ်ခြင်းကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း
၁၀) ကျောက်ကပ်လုပ်ဆောင်ချက်ကို တိုးတက်ဖို့ ကူညီနိုင်ခြင်း
၁၁) အစာခြေစနစ်ကို ကောင်းမွန်ဖို့ ကူညီနိုင်ခြင်း ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုသလို အလွန်အကျွံစားသုံးခြင်းကတော့ ဘယ်အရာမှမကောင်းပါဘူး။ အားလုံးပဲချိန်ဆစားသုံးခြင်းဖြင့် ကျန်းမာကြပါစေ။