ငါဟာယောကျာ်းတစ်ယောက်ဖြစ်တယ်

Published on September 7, 2025 Reading time: 4 mins Tags: #Man #Responsibility #Family #Life

အကြောင်းပြချက်တွေမေ့ထား လုပ်စရာရှိတာတော့လုပ်ရမှာပဲ။ အင်္ကျီအဖြူအစိမ်းဝတ် လွယ်အိတ်ကိုလွယ်ပြီး ကျောင်းကတော့ သွားရမှာပေါ့။ ရေတွေကြီး အိမ်ပါမြုပ်နေလည်း ဒါအကြောင်းပြချက်တွေပဲလေ။

ကိုယ့်ဘဝထဲမှာရှိတဲ့ အမျိုးသမီးတွေကိုတော့ ဂရုစိုက်ရမှာပဲ။ ပင်ပန်းတာတွေ ခဏမေ့ထားပြီး ရှေးဆုံးကနေ လှော်တက်ကိုဆွဲ ကိုယ့်ညီမအစ်မ သူငယ်ချင်းတို့ အိမ်လုံခြုံစွာပြန်ရာက်ဖို့ သေသေချာချာပို့ရမှာပဲလေ။

မိဘကို ကိုယ်တတ်သလောက် မှတ်သလောက် ကူညီရမှာပဲ။ အဖေနဲ့အတူ ဘဝတိုက်ပွဲတွေဝင်ရတာကိုက ကံကောင်းခြင်းတစ်မျိုးပါ။ အချို့သူတွေ တိုက်ပွဲအတူတူဝင်မယ့် မိဘတောင်မရှိကြတော့ပါဘူး။ မိသားစု အဆင်ပြေဖို့ အားလုံးတက်ညီလက်ညီ ကြိုးစားရမှာပဲလေ။

တိရစ္ဆာန်လေးတွေကို သနားညှာတာ ချစ်ခင်ယုယရမှာပဲ။ ရေတွေကြီးနေတဲ့ အိမ်ကြီးမှာ သူ့တစ်ယောက်ထဲထားခဲ့ရင် သူအားငယ်နေမှာပေါ့။ လာခဲ့ငါ့ကောင်ကြီးရာဆိုပြီး ခေါ်သွားရမှာပဲလေ။

အသက်ငယ်တယ် ကြီးတယ်ရယ် မဟုတ်ပါဘူး။ ချမ်းသာတယ် ဆင်းရဲတယ်ရယ် မဟုတ်ပါဘူး။ ပညာတွေတတ်တယ် မတတ်တယ်ရယ် မဟုတ်ပါဘူး။ ယောကျာ်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓါတ်ရှိတဲ့သူတွေက ရှိကြတာပဲလေ။

Related content