တရုတ်ဆီးသီးရဲ့ ကောင်းကျိုးများ

Published on September 18, 2025 Reading time: 2 mins Tags: #Apricot #Health Benefits #Food #Vitamins #Skin #Hair

တရုတ်ဆီးသီးရဲ့ အကျိုးအာနိသင်ကတော့ အံမခန်းပါပဲ။ လိမ္မော်ရောင်သန်းတဲ့အမျိုးအစားဖြစ်ပါတယ်။ တရုတ်ဆီးသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ သံဓာတ်နဲ့ beta-carotene တို့ပါဝင်ပါတယ်။ အရေပြားနဲ့ဆံသားအတွက်ကောင်းမွန်စေပြီး ရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ၁) ကင်ဆာရောဂါကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ antioxidant တွေပါဝင်မှုကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ကူညီနိုင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်စီ၊ B17 လို့ခေါ်တဲ့ကွန်ပေါင်းတစ်မျိုးပါဝင်မှုကြောင့် ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ beta-carotene က ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲပေးပါတယ်။ ဗီတာမင်အေက အမြင်အာရုံနဲ့ အရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ၂) ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ pectin နဲ့ cellulose တွေပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းကို သက်သာဖို့ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပေါများစွာပါဝင်မှုကြောင့် အူမကြီးကျန်းမာရေးကိုအထောက်အကူပြုပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ၃) သွေးအားနည်းခြင်းကို သက်သာစေနိုင်ပါတယ်။ သံဓာတ်များပြားစွာပါဝင်မှုကြောင့် သွေးအားနည်းရောဂါကို ထိရောက်စွာသက်သာစေနိုင်ပါတယ်။ ကော့ပါးအနည်းငယ်ပါဝင်မှုကြောင့် သံဓာတ်ကို ခန္ဓာကိုယ်ကစုပ်ယူမှုအားကောင်းအောင်ကူညီပေးနိုင်ပါတယ်။ ၄) ဝိတ်ကျဖို့ကူညီပေးပါတယ်။ ကယ်လိုရီနည်းပါးမှုကြောင့် ဝိတ်ချချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။ ၁၀၀ ဂရမ်မှာ ၄၈ ကယ်လိုရီခန့်သာ ပါဝင်ပါတယ်။ ၅) ကိုယ်ဝန်ဆောင်အတွက်သင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင်အတွက် သင့်တော်တဲ့ဓာတ်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ အခြားသတ္တုဓာတ်တွေဖြစ်တဲ့ ဖော့စထရတ်၊ ကယ်လဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ သံဓာတ်ပမာဏမြင့်မားစွာပါဝင်မှုကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၆) အရေပြားကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။ oleic နဲ့ vitamin A acids ဓာတ်ပါဝင်မှုကြောင့် အရေပြားပျက်စီးမှုကို ဘေးထွက်ဆိုးကျိုးမရှိဘဲ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အေနဲ့စီ ပေါများစွာပါဝင်မှုကြောင့် အထိခိုက်လွယ်တဲ့အရေပြားအမျိုးအစားအတွက် အကျိုးသက်ရောက်မှုရှိပြီး ချောမွတ်လှပစေနိုင်ပါတယ်။ အခြားမရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်တွေကြောင့် အရေပြားကျုံ့နိုင်စွမ်းအားကောင်းမွန်စေနိုင်ပါတယ်။ မျက်နှာပေါင်းတင်ဆေးကဲ့သို့ အသုံးပြုနိုင်တဲ့အခြားသော အဆီတွေလိုပဲ အရေပြားကို နူးညံ့စေပါတယ်။ အရေးအကြောင်းပေါ်ထွက်လာမှုကိုဖြေရှင်းဖို့အတွက်၊ အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် တရုတ်ဇီးသီးအဆီကို အသုံးပြုနိုင်ပါတယ်။ ၇) ဆံသားကျန်းမာရေးအတွက်အကျိုးရှိစေပါတယ်။ ဗီတာမင်အီးနဲ့ ဗီတာမင်အေ များပြားစွာပါဝင်မှုကြောင့် ရေဓာတ်ပြည့်ဝပြီး ဆံသားအတွက် အောက်ပါနည်းလမ်းတွေနဲ့အသုံးပြုနိုင်ပါတယ်။ • တရုတ်ဇီးသီးအဆီက ဆံသားအတွက် အစိုဓာတ်ထိန်းပေးတဲ့အဆီအဖြစ်သုံးနိုင်ပြီး ဆံသားခြောက်သွေ့ခြင်းကို ကာကွယ်နိုင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးမှာ တွဲသုံးနိုင်ပါတယ်။ • ဆံသားမပျက်စီးစေဖို့ ဓာတုဆေးတွေနဲ့ဆံပင်ကို မပြုပြင်မီ သုတ်လိမ်းထားနိုင်ပါတယ်။ • ဖက်တီးအက်ဆစ်ကြွယ်ဝမှုကြောင့် ဆံသားခြောက်သွေ့ပြီး အဖျားနှစ်ခွဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ • ဆံသားခြောက်သွေ့အက်ကွဲခြင်းဖြစ်ပေါ်နေတဲ့အခါ ၊ ဘောက်ထနေတာမျိုးမှာ ဦးရေပြားကိုသုတ်လိမ်းပေးနိုင်ပါတယ်။ • ဆံသားသန်စွမ်းပြီး ကျန်းမာဖို့ အထောက်အကူဖြစ်စေပါတယ်။ ဆံသားကျွတ်ဆတ်ခြင်း၊ ကျွတ်လွယ်ခြင်း နေရောင်ကြောင့်ပျက်စီးခြင်းကို ကူညီနိုင်ပါတယ်။ https://www.dailygreenlife.com/7-best-apricot-benefits/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content