ဒေါသထွက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ ။
Published on September 21, 2025 Reading time: 2 mins Tags: #Anger #Health #Stress #Management Techniques
ဒေါသကို ကောင်းစွာထိန်းချုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာအရ အသုံးဝင်သလို သင့်ကိုလည်း အကောင်းဘက်ကပြောင်းလဲမှုကိုဖြစ်စေပါတယ်။ နောက်တစ်မျိုးအနေနဲ့ ဒေါသက ပြင်းထန်တဲ့စိတ်ခံစားမှုဖြစ်ပြီး သင့်တော်အောင် ကိုင်တွယ်ဖို့ခက်ခဲပါတယ်။ သင့်ကိုဆောက်တည်မရဖြစ်စေပြီး သင်နဲ့အနီးဆုံးရှိနေတဲ့အရာပါပဲ။ ဒေါသကိုမထိန်းချုပ်နိုင်ခြင်းက ရုပ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ဖြစ်စေခြင်း၊ အနိုင်ကျင့်ခံရနိုင်ခြင်း၊ ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်မိနိုင်ခြင်းနဲ့ ငြင်းခုံရန်ဖြစ်ရခြင်းတို့ဖြစ်နိင်ပါတယ်။ ဒေါသထွက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုရှိပါတယ်။ ဒေါသထွက်လာတဲ့အခါ ခန္ဓာကိုယ်က ပြန်ပြီးတုံ့ပြန်လိုက်၊ ပြန်ပြီး တိုက်ခိုက်လိုက်လို့ တုံ့ပြန်ပါတယ်။ အခြားစိတ်ခံစားချက်တွေအနေနဲ့ စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ ကြောက်လန့်ခြင်းတို့လည်းဖြစ်ပေါ်လာနိုင်ပါတယ်။ adrenaline နဲ့ cortisol ကဲ့သို့ စိတ်ဖိစီးမှုဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ ထုတ်လွှတ်ပေးလိုက်ပါတယ်။ ဦးနှောက်က သွေးတွေကို အူထဲကနေတဆင့် ကြွက်သားတွေ၊ ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေဖြစ်ဖို့ ၊ ဒေါသကို ပေါက်ကွဲဖို့ တွန်းအားပေးလိုက်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှုနှုန်းမြန်လာစေပြီး ခန္ဓာကိုယ်အပူချိန်ပါ မြင့်တက်လာပါတယ်။ အရေပြားတွေနီမြန်းလာစေပါတယ်။ အဲဒီ့အချိန်မှာ စိတ်က အရမ်းကိုထိလွယ်ရှလွယ်ဖြစ်နေပြီး ဒေါသပေါက်ကွဲဖို့ကိုသာ အာရုံစိုက်နေပါတော့တယ်။ ဒေါသကြောင့် ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ဓာတ်ပေါင်းတွေက ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းသွားပြီး ဒေါသကို လုံးဝမထိန်းချုပ်နိုင်တော့ဘဲ သင့်ခန္ဓာကိုယ်မှာ မတူညီတဲ့ထိခိုက်မှုတွေဖြစ်လာပါတယ်။ အချို့ကတော့ ခဏတဖြုတ်သာဖြစ်ပေမယ့် အချို့ကတော့ နာတာရှည်ပုံစံမျိုးခံစားရတတ်ပါတယ်။ ဒေါသထွက်တဲ့အခါ ခေါင်းကိုက်ခြင်း အစာခြေစနစ်ပြဿနာဖြစ်ခြင်း ဥပမာ ဗိုက်နာခြင်း အိပ်မပျော်ခြင်း စိုးရိမ်ပူပန်မှုများခြင်း စိတ်ဓာတ်ကျခြင်း သွေးတိုးခြင်း လေဖြတ်ခြင်း နှလုံးရှော့ဖြစ်နိုင်ခြင်း အရေပြားမှာ အလာဂျစ်ကဲ့သို့ဖြစ်ခြင်း စတဲ့ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။
ဒေါသကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ဆောင်းပါးကိုရေးသားဖော်ပြဖူးပါတယ်။ ကိုယ့်ကိုကိုယ် ဒေါသကြီးတတ်တဲ့သူလား၊ ဒေါသကြီးရင် မလုပ်သင့်တာတွေလုပ်မိပြီးမှ နောင်တရနေတတ်သလားလို့ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။ ဒေါသကြောင့်မဖြစ်သင့်တာတွေမဖြစ်ရအောင် ဒေါသထွက်လာတဲ့အခါမှာ ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံးဘယ်လိုထားပြီး ဘယ်လိုအာရုံပြောင်းမလဲဆိုတာမျိုးတွေ လိုက်နာပြီး ကျင့်သုံးခြင်းက တကယ်ထိရောက်တာကိုတွေ့ရပါတယ်။
ဒေါသကိုဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ဆောင်းပါးကို ဒီလင့်ကနေ ဖတ်ရှုနိုင်ပါတယ်။
https://www.betterhealth.vic.gov.au/health/healthyliving/anger-how-it-affects-people လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ။်