ဓာတ်မတည့်မှုဖြစ်ပွားတယ်ဆိုတာ ဘာလဲ
Published on September 19, 2025 Reading time: 2 mins Tags: #Allergy #Health #Food #Risk
အသက်ရှုလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ဓာတ်မတည့်မှုဆိုတာက ဓာတ်မတည့်တဲ့အရာနဲ့ထိတွေ့တဲ့အခါ ခန္ဓာကိုယ်ရဲ့ခုခံစနစ်က အလွန်အကျွံ့တုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ပွားစေတဲ့အရာတွေက များသောအားဖြင့် အစားအစာ ၊ ဆေးဝါးနဲ့ အန္တရာယ်ရှိတဲ့ဖုန်မှုန်တွေပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ထိုအရာတွေကို လက်ခံရတဲ့အခါ အန္တရာယ်ဖြစ်စေခြင်း၊ ခက်ခဲခြင်းနဲ့ ဓာတုဗေဒပစ္စည်းတွေထုတ်လွှတ်ခြင်းကဲ့သို့ ဓာတ်မတည့်မှုလက္ခဏာတွေပြသပါတော့တယ်။ ဓာတ်မတည့်မှုဖြစ်တတ်မှန်းဘယ်လိုသိနိုင်မလဲ။ အနီရောင်အင်ပြင်တွေထွက်လာခြင်း၊ အနီစက်တွေထွက်လာခြင်း၊ အရေပြားတွင်အနီကွက်တွေဖြစ်လာခြင်း၊ ရောင်ရမ်းလာခြင်း စတဲ့လက္ခဏာတွေဖြစ်လာရင် ဓာတ်မတည့်ဘူးလို့ သိနိုင်ပါတယ်။ မျက်လုံးတွေနီလာခြင်း၊ အော့အန်ခြင်း၊ အရေပြားမှာ ရောင်ရမ်းလာခြင်းနဲ့ ဗိုက်နာခြင်း စတဲ့လက္ခဏာတွေက ဓာတ်မတည့်မှုဖြစ်စဉ်လို့သတ်မှတ်နိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ပွားစေတတ်တဲ့အစားအစာတွေကိုဖော်ပြပေးလိုက်ပါတယ်။ မြေပဲ မြေပဲ ဓာတ်မတည့်မှုက အရင်ကတည်းကဖြစ်ဖူးခဲ့ရင် ဘဝတစ်လျှောက်လုံးဖြစ်နေနိုင်တယ်လို့ ထင်ကြေးပေးတတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးမီက လေ့လာချက်တွေအရတော့ မြေပဲဓတ်မတည့်သူတွေများသောအားဖြင့် ၂၀ရာခိုင်နှုန်းခန့်က အရွယ်ရောက်မှဖြစ်တတ်တာလို့ ဖော်ပြထားပါတယ်။ မြေပဲနဲ့ဓာတ်မတည့်တဲ့အခါ • အင်ပြင်ထခြင်း ၊ လည်ချောင်းတဝိုက်နဲ့ ပါးစပ်တစ်ဝိုက် အရေပြားခြောက်သွေ့အက်ကွဲခြင်း၊ အင်ပြင်ဖြစ်ခြင်း၊ အော်ကလီဆန်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ ရုတ်တရက်အသက်ရှုရပ်ခြင်း၊ဝမ်းပျက်ခြင်း တို့ဖြစ်ပေါ်နိုင်ပါတယ်။ ဥများ ဥရဲ့အနှစ် ဒါမှမဟုတ် အကာ ထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်ကနေတဆင့် အထိမခံဖြစ်ပြီး ဓာတ်မတည့်မှုဖြစ်ပေါ်စေတာပါ။ အသက် ၁၆နှစ်အရွယ် ကလေးတချို့မှာ ၇၀ရာခိုင်နှုန်းခန့်က ဓာတ်မတည့်မှုဖြစ်ပေါ်နိုင်ပါတယ်။ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ အသက်ရှုမရခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်။ ပြောင်းဖူး ပြောင်းဖူးရဲ့ဝတ်ဆံကနေ ဓာတ်မတည့်မှုဖြစ်ပွားခြင်းဖြစ်ပါတယ်။ အထက်က ဓာတ်မတည့်မှုတွေလိုမျိုးလက္ခဏာပြတတ်ပါတယ်။ ရင်ကြပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နားစေးခြင်း၊ စတဲ့လက္ခဏာတွေလည်းဖြစ်တတ်ပါတယ်။ ကမာ၊ ခရု ကမာကောင်ခရုကတော့ ဓာတ်မတည့်မှုအဖြစ်များဆုံးဖြစ်ပါတယ်။ ငါး ငါးတော်တော်များများကတော့ ဓာတ်မတည့်မှုမဖြစ်ကြပါဘူး။ ဓာတ်မတည့်မှုအဖြစ်များတဲ့ငါးတွေကတော့ ဆောလမွန်၊ တူနာ တို့ဖြစ်ပါတယ်။ နို့ နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်သူများကတော့ ပဲနို့၊ ဆန်နို့်တွေကို ရှောင်သင့်ပါတယ်။ https://www.mountelizabeth.com.sg/healthplus/article/could-you-be-allergic-to-these-common-foods-here's-how-to-tell လင့်မှကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။