အကောင်းမြင်နှင့် အဆိုးမြင်စိတ် ရှင်းလင်းချက်

Published on September 23, 2025 Reading time: 5 mins Tags: #Optimism #Pessimism #Mental Strength #Self-Improvement

အကောင်းမြင်စိတ်က စွမ်းအားရှိတယ်လို့ သင်တို့မကြာခဏကြားဖူးကြမှာပါ။ တကယ်လည်း ဟုတ်ပါတယ်။ သင့်ကိုယ်သင်လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်….၊ ငါတတ်နိုင်ပါတယ်…လို့ တွေးလိုက်တာနဲ့ သင့်စိတ်ထဲမှာ လုံခြုံမှု၊ ယုံကြည်မှုတွေတိုးလာပြီး ခွန်အားဖြစ်လာတတ်ပါတယ်။ အဲဒါက အကောင်းမြင်စိတ်ကြောင့်ပါ။ အဆိုးမြင်တဲ့သူအတွက်တော့ အခြေအနေတစ်ခုမှာ မကြိုးစားကြည့်သေးဘဲ မဖြစ်နိုင်တာ၊ ဆိုးကျိုးတွေကိုသာ ကြိုမြင်တာမို့ စိတ်ထဲက လုံခြုံမှု၊ ယုံကြည်မှုလျှော့သွားပါတယ်။ အဲဒီ့အတွက် စိတ်ခွန်အားမရှိတော့ပါဘူး။ စိတ်ခွန်အားမရှိတဲ့သူက စိတ်တက်ကြွမှုလည်း မရှိတော့ အခါခါကျရှုံးမှုဒဏ်ကိုလည်း မခံနိုင်ဘဲ တကယ်ကျရှုံးသူဖြစ်လာတော့တာပါပဲ။ အကောင်းမြင်စိတ်ရှိသူနဲ့ အဆိုးမြင်စိတ်ရှိသူတွေရဲ့ စိတ်သဘောထားခြားနားချက်ကို ဖတ်ကြည့်ပြီး သင့်မှာဘယ်လိုစိတ်ရှိနေလဲ ဆန်းစစ်ကြည့်လိုက်ပါနော်။ အဆိုးမြင်စိတ်များနေတယ်ဆိုရင်လည်း အကောင်းမြင်စိတ်များလာအောင် ကျင့်ယူဖို့ကြိုးစားပါလို့တိုက်တွန်းလိုက်ရပါတယ်။

https://bawa101.com/my/posts/akaungmyinseikyahithune-asaomyinseikyahithukyak-seikthbaawtaamyaa-1

Related content