ဘဝအတွက် နည်းလမ်း ၇ ချက်
Published on August 18, 2025 Reading time: 2 mins Tags: #Motivation #Happiness #Life-advice
ဘဝမှာ နေနည်းမှန်ကန်စွာ မနေတတ်ရင်လည်း အမြဲပူဆွေးနေရတာမျိုး၊ သောကဖြစ်နေရတာမျိုး၊ ဒေါသတွေထွက်နေရတာမျိုးတွေနဲ့ ခံစားချက်ပေါင်းစုံဖြစ်နေပြီး သက်သာရာကို ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဘဝအတွက် သက်သာပေါ့ပါးစွာ နေထိုင်နိုင်မယ့် နည်းလမ်း ၇ချက်ကို ဖတ်ကြည့်လိုက်ပါ။ ၁) သင့်ရဲ့အတိတ်ကိုပဲ အချိန်တိုင်းတွေးပြီး ပူဆွေးမနေပါနဲ့။ အတိတ်ဆိုတာ ပြုပြင်လို့မရတော့တာမို့ ခုလက်ရှိကို ဘယ်လိုပြုပြင်မလဲ၊ ဘယ်လိုတိုးတက်အောင်လုပ်မလဲ၊ ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာသာ အာရုံစိုက်ပါ။ ၂) သင့်ကို သူများတွေ ဘယ်လိုထင်မလဲဆိုတာ တစ်ချိန်လုံး တွေးမနေပါနဲ့။ သင့်ရဲ့စီးပွားရေးမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ထင်မြင်ယူဆချက်တွေကို ကောင်းပါ့လား….မကောင်းပါ့မလား…သူများအတွေးအတိုင်းလိုက်တွေးနေတာမျိုးပေါ့။ သင်ကိုယ်တိုင်က မှန်ကန်နေရင်ပြီးတာပါပဲ။ အခြားသူများရဲ့ထင်မြင်ချက်တွေကို လိုက်စဉ်းစားမနေပါနဲ့။ ၃) နာကျင်စရာတွေအတွက် အချိန်ယူပါ။ အချိန်က အရာအားလုံးကို ကုစားပေးနိုင်ပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ အားလုံးအဆင်ပြေသွားမှာပါ။ ၄) သင့်ဘဝကို အခြားသူများနဲ့ မနှိုှု်င်းယှဉ်ပါနဲ့။ လူတိုင်းမှာ ဘဝရှင်သန်ပုံခြင်းမတူညီကြပါဘူး။ အဲဒါကြောင့် သင့်ထက်သာသူကိုလည်း သင်မနာလိုဖြစ်စရာမလိုသလို၊ သင့်ထက်နိမ့်ကျသူကိုလည်း သင်မထီမဲ့မြင်မလုပ်သင့်ပါဘူး။ သင့်ဘဝကို သူများနဲ့နှိုှု်င်းယှဉ်ပြီး သင့်ကိုသင် အားမလို အားမရဖြစ်စရာမလိုပါဘူး။ သင်ရောက်နေတဲ့နေရာမှာသာ သင်အကောင်းဆုံးရပ်တည်ရှင်သန်နေရင် ရပါပြီ။ ၅) အလွန်အကျွံတွေးတောတာမျိုး မလုပ်ပါနဲ့။ အဲဒါက သင့်ကိုစိတ်ဖိစီးစေပါလိမ့်မယ်။ တစ်ချို့ကိစ္စတွေကျတော့ မဖြစ်ချင်ပေမယ့် ဖြစ်လာနိုင်တယ်၊ မဖြစ်နိုင်ပေမယ့် ဖြစ်လာတတ်တဲ့သဘောရှိတာကို နားလည်ပေးလိုက်ပါ။ ဘယ်အရာမဆို သင်အနည်းဆုံးမျှော်လင့်ထားတဲ့အခါ သင်ထင်ထားတာထက် ပိုပြီး ပြန်ရပါလိမ့်မယ်။ အများကြီးမျှော်လင့်မိတဲ့အခါ ထင်ထားတာထက် မရလာတဲ့အခါ သင်ပဲခံစားရမှာပါ။ ၆) သင်ပျော်ရွှင်ဖို့ သင်ကိုယ်တိုင်ပဲလုပ်ယူပါ။ သင်ပျော်ရွှင်ဖို့အတွက် ဘယ်သူကမှ အဖိုးအခပေးစရာမလိုပါဘူး။ သင်ကိုယ်တိုင်ကလွဲလို့ပေါ့။ သင်ပျော်ရွှင်ဖို့ဆိုတာ ဘယ်သူကမှ လုပ်ယူလို့မရပါဘူး။ သင်ကိုယ်တိုင်ပဲလုပ်ယူနိုင်တာပါ။ ၇) ပြုံးပါ။ လောကရဲ့ပြဿနာတိုင်းကို သင်ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူးနော်။ အဲဒါကြောင့် ဘာဖြစ်ဖြစ် ပြုံးလိုက်တဲ့အခါ သင့်စိတ်ထဲမှာ အရင်ဆုံး ပျော်ရွှင်မှုကိုခံစားရမှာပါပဲ။