ပိုပြီးပျော်ရွှင်ဖို့အတွက် အလွယ်ဆုံးအချက် ၂၀
Published on August 12, 2025 Reading time: 2 mins Tags: #Happiness #Life Lessons #Positive Thinking #Self Improvement #Wellbeing
ဘဝမှာ ရှင်သန်ရတာ ပျော်စရာမကောင်းဘူး၊ နေ့စဉ် အသက်ရှင်သန်မှုအတွက် ရုန်းကန်ရတာနဲ့တင်အချိန်ကုန်နေတယ်ထင်ရင် အောက်ကအချက်လေးတွေကို ရသလောက် လိုက်နာကြည့်လိုက်ပါ။ တစ်ချို့အချက်လေးတွေက ရိုးရှင်းပြီး လွယ်ကူသလို၊ သင်ပျော်ရွှင်ဖို့ အကျိုးများပါတယ်။ လိုက်နာနိုင်သလောက် သင့်ဘဝပျော်ရွှင်လာစေပါလိမ့်မယ်။
- ၁) ပင်ပန်းတယ်လို့ခံစားရတဲ့အခါ အိပ်စက်ခြင်းက အကောင်းဆုံးပါ
- ၂) အခြားသူများကိုပျော်ရွှင်စေပါ။ ပျော်ရွှင်မှုက ကူးစက်စေပါတယ်။
- ၃) သင့်ရဲ့အသေးအဖွဲအောင်မြင်မှုအပေါ်မှာ ဂုဏ်ယူတတ်ပါ။
- ၄) အကောင်းတွေကို ရှာတတ်ပါစေ။
- ၅) နည်းပညာကနေ ခဏတစ်ဖြုတ် အနားယူပါ။
- ၆) မနက်ခင်း အိပ်ရာထချိန် snooze လုပ်တဲ့အကျင့်ကိုဖျောက်ပါ။
- ၇) ဂျာနယ်ရေးပါ။
- ၈) အသစ်တစ်ခုခုကို သင်ယူပါ။
- ၉) သင့်ကိုယ်သင်အချိန်ပေးပါ။
- ၁၀) ငိုစရာကိစ္စရပ်တွေမှာ ငိုချလိုက်ပါ။ မချုပ်တည်းပါနဲ့။
- ၁၁) အပြင်မှာ အချိန်ကုန်ပါစေ။ (ဗီတာမင် ဒီနဲ့ လေကောင်းလေသန့်ရပါစေ)
- ၁၂) ချွေးထွက်ပါစေ
- ၁၃) သင်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ပါစေ
- ၁၄) ကြိုတင်စီစဉ်ပါ။
- ၁၅) အစီအစဉ်အသေးလေးတွေနဲ့ သင့်ဘဝကို ဖွဲ့စည်းထားပါ။
- ၁၆ ) အကြောဆန့်ပါ။
- ၁၇) သက်တောင့်သက်သာရှိတဲ့ ဝန်းကျင်ကနေ ရုန်းထွက်ပါ။
- ၁၈) အတိတ်ကို တွေးပြီး ပူဆွေးတာကို ရပ်ပါ။ ခုလက်ရှိကို အကောင်းဆုံးလုပ်ပါ။
- ၁၉) မှန်ကြည့်ရင်း ကိုယ့်ကိုကိုယ် ပြုံးပြပါ။
- ၂၀) သင့်ပျော်ရွှင်မှုက သင့်ထံမှာသာ မူတည်တာကို သတိရပါ။
အတတ်နိုင်ဆုံး တစ်ခုချင်းကို သေချာလေးအဓိပ္ပါယ်ဖော်ကြည့်ပြီး လိုက်နာလို့ရတာလေးတွေလိုက်နာသင့်လိုက်ပါနော်။ ကိုယ့်ဘဝမှာ ပျော်ရွှင်မှုသေးသေးလေးတိုးလာတယ်ဆိုရင်တောင် အဲဒီ့ပျော်ရွှင်မှုသေးသေးလေးတွေများလာတဲ့အခါ သင့်ရဲ့တစ်နေ့တာ ဘဝက ပျော်ရွှင်စရာတွေနဲ့ချည်းပြည့်လာမှာပါ။ ပျော်ရွှင်မှု နှစ်ဆတိုးနိုင်ကြပါစေ။